မျက်ရည် တောက်တောက်ကျပြီး ပြန်လာစေရမယ်
တစ်ခါက ရွာတစ်ရွာမှာ ကောင်လေးတစ်ယောက်သည် မြို့တက်ပြီးအလုပ်လုပ်နေသော ချစ်သူထံမှ စာမလာ သတင်းမကြားသည်မှာ အတော်ကြာနေပြီ ဖြစ်သဖြင့် စိတ်ပူကာ မစားနိုင်မသောက်နိုင်နှင့် တမှိုင်မှိုင် တတွေတွေ ဖြစ်နေသည်။ကောင်လေးအဖြစ်ကို ကြည့်ကာ ဦးလေးဖြစ်သူသည် မနေနိုင်မထိုင်နိုင်ဖြစ်ကာ တူဖြစ်သူအား မင်းကွာ သေတော့မဲ့ အတိုင်းပဲ ဘယ်လိုဖြစ်နေတာလည်း...? မင်းကောင်မလေး ရွာကိုပြန်လာအောင် ငါကူညီမယ် စာတစ်ကြောင်းငါရေးပေးလိုက်မယ် မင်းကောင်မလေး စာဖတ်ပြီးတာနဲ့ ရွာကို မျက်ရည်တောက်တောက်ကျပြီး ချက်ချင်းပြန်လာစေရမယ်။စာရွက်နဲ့ ဘောပင်သာ ငါ့ဆီယူလာခဲ့ ။
ထိုအခါ.....
တူဖြစ်သူ။ ။ဟုတ်ပါ့မလား ဦးလေးရယ်
ဦးလေး ။ ။မင်းရဲ့ဦးလေး စာရေးဆရာပါကွ မယုံဘူးလား..?
မင်းကောင်မလေး ငါ့စာကိုဖတ် ပြီးတာနဲ့ မျက်ရည်တောက်တောက်ကျပြီး
ပြန်လာစေရမယ်။
တူဖြစ်သူ။ ။ဒါဆို ကျွန်တော် ဘယ်လိုရေးရမှာလည်း..?
ဦးလေး ။ ။ကဲ..ကဲ..ငါပြောသလိုသာရေးလိုက်..,
"နင့်အမေ ဆုံးပြီ အမြန်ပြန်လာပါ" ။
5 comments:
ရီရမှာလား ငိုင်ရမှာလားဟင် ကိုရင်ခတ် ဒါဆိကောင်မလေးတကယ်ပြန်လာလား ပြောပြပါအုံး... အားပေးပါတယ်ရှင်
ဟီး မျက်ရည် တွေ တောက်တောက်ကျရမယ်
တကယ်ရော ပြန်လာပါ့မှလား
စမ်းကြည့်အုံးမယ်...ပီးမှ မဟုတ်ပဲ
တကယ်ပြတ်သွားရင် ဘယ်လို့ လုပ်မှလဲ
အားပေးလျက်
ပြန်မလာပဲ ရင်ကွဲနာ ကျ ဂန့် သွားမှဖြင့်
ဒုက္ခရောက်နေပါမယ်..အစ်ကိုရာ
ရယ်စရာလေးတွေလည်းရေးတတ်သားနော်--
ရသ တွေများများရေးပါ---အခုခေတ်မှာ ရသ
တွေ ရှားပါးနေပြီ--
စာချစ်သူ မျိုးဆက်သစ် လူငယ်တွေက မြန်မာ
စာပေယဉ်ကျေးမှု ကို ဆက်ထိမ်းရလိမ့်မယ်--
စာများများရေးပါ--ကဗျာတွေလည်းရေးပါ--
ကိုယ်ပိုင် အတွေးတွေ များများရေးသင့်ပါတယ်
အားပေးနေတယ်
ခင်မင်လျက်
မသက်ဇင်
ရယ်ရတယ် ဟီး
Post a Comment