
အလွမ်းတွေနဲ့ တစ်ခါကပန်း
လမ်းတစ်ဝက်မှာ....
တစ်ဝက်တစ်ပျက် ပြန်နမ်းဖူးတယ်
အရင်လိုမမွှေးတော့ပေမယ့် လန်းဆန်းမူတော့ရှိတယ်
ငါ့စိတ်တွေကမွှေးတာလား?
ပန်းကမွှေးတာလား?
မသေချာတဲ့ အဖြေ.....
ခေါင်းကိုကုတ် အလွမ်းတွေထုပ်ပိုးပြီး
အရင်နေရာဟောင်းကို ပြန်ခဲ့တယ်
မထူးခြားတဲ့ နေရာဟောင်း
အဟောင်းတွေက ပြုံးလို့ဆီးကြိုနေခဲ့တယ်..။
တစ်ခါက စိတ်ကူးပေါက်တဲ့ အချိန်မှာ စိတ်ထဲရှိတာလေးကိုချရေးထားတာ နောက်မှ ပြန်ဆက်ရေးမယ်ဆိုပြီး ပစ်ထားတာ အခုစာအုပ်အဟောင်းလေးမှာတွေ့လို့ ဆက်ရေးမယ်ဆိုပြီးရေးတာ ဘာမှရေးလို့မရတော့တာနဲ့ ဒါလေးကိုပဲ ဒီအတိုင်းလေးပဲတင်လိုက်တယ်..။

4 comments:
" မထူးခြားတဲ့ နေရာဟောင်း
အဟောင်းတွေက ပြုံးလို့ဆီးကြိုနေခဲ့တယ်..။ "
ဒီစာသားလေးကိုကြိုက်တယ်... အားပေးလျက်.. ကံကောင်းပါစေလို့ဆုတောင်းပေးလိုက်တယ်... ပေးတဲ့ဆုနဲ့ပြည့်ပါစေလို့မပြောနဲ့နော်... တဂယ်ကံကောင်းသွားတော့မှပဲ ကျေးဇူးတင်ပေါ့.
အသစ်ဘယ်လောက်ကောင်းကောင်း
အဟောင်းကိုတော့မမေ့နိုင်ဘူးဆိုတာ
ဒါအမှန်ပါဘဲလား။
ကဗျာလေးကောင်းတယ်ဗျာ
ငါ့စိတ်တွေကမွှေးတာလား?
ပန်းကမွှေးတာလား?
အဲဒီစာသားလေး မိုက်တယ်
ကျောပိုးအိတ်ထဲမှာ ဒဏ်ရာတွေကျန်သေးတယ်... ထမ်းပိုးနေတဲ့ဘ၀က လွတ်မြောက်ခွင့် ပေးလိုက်ပါလား ???
Post a Comment