
ယုံကြည်စွာ ဖမ်းဆုပ်လိုက်တာက မရှိခြင်း
အသိစိတ်တွင်းမှာက နောင်တ
အမှောင်ကျတဲ့ နေ့မှာ
ပင်လယ်ရဲ့ မာယာက
တိတ်ဆိတ်ခြင်းအတိနဲ့ မုန်တိုင်းကိုမြူဆွယ်
မိုးတိမ်....
သူတစ်ကယ် မငိုခဲ့ပါဘူး
မာယာနဲ့ ရွေ့လျား ပင်လယ်ဆီပြန်အသွားမှာ
အမှန်တရား မသိတဲ့သူ
ဒီလူက...
တိုက်စားရာလမ်း....။
ဒီကဗျာလေးက ကျွန်တော်အကြိုက်ဆုံး ကဗျာလေးပါ။ကြာတော့ကြာခဲ့ပါပြီ ရင်ခတ်နွယ် ဆိုတဲ့ ဘလောစ့်ဂါတစ်ယောက် ဖြစ်လာအောင် ပေးခဲ့တဲ့ ခံစားချက်လေးတွေပေါ့။ကျွန်တော်အတိတ်ရဲ့ အရိပ်ဆိုလည်းမမှားပါဘူး ကျွန်တော်တစ်ချိန်က ပြင်ပြင်းထန်ထန်ခံစားနေတာကို ကျွန်တော်ညီလေး
မြစ်ကောက်က မြင်ပြီး ဒီကဗျာလေးကို ချက်ချင်းကျွန်တော်အတွက် ထရေးပေးခဲ့တာပါ။ကဗျာလေးက ကောင်းသလောက် အဓိပ္ပါယ် အပြည့်ရှိပါတယ်
ကျွန်တော်အတိတ်ရဲ့ အရိပ်ကို ဒီကဗျာလေးနဲ့ ဖွင့်ကြည့်ပေါ့။အကြောင်းအရာ တိုက်ဆိုင်လာတဲ့အချိန် ဒီကဗျာလေးကို အားလုံးပဲပြန်လည်ခံစားနိုင်အောင် ကျွန်တော် ပြန်တင်ပေးတာပါ ကဗျာကိုဖတ်ပြီး မိတ်ဆွေတို့ရဲ့ ထင်မြင်ချက်ကို လွတ်လပ်စွာပေးနိုင်ပါတယ်။

1 comment:
ပင်လယ်ရဲ့ မာယာက
တိတ်ဆိတ်ခြင်းအတိနဲ့ မုန်တိုင်းကိုမြူဆွယ်
ကဗျာလေး လာဖတ်တယ် --ရင်ထဲက ပြောချင်
တဲ့ ခံစားချက်ကို ကဗျာထဲမှာ အမိအရ ဖမ်းဆုပ်
နိုင်ရန် အတွေးကောင်းနဲ့ ထည့်ထားတာတွေ့ရတယ်- ကဗျာတွေရေးပါ--
အားပေးနေပါတယ်---
ခင်မင်လျက်
မသက်ဇင်
Post a Comment