Monday, September 1, 2008

အစိမ်းရောင်သင်္ကေတ နှင့် ကျွန်တော်ရဲ့ဧဒင်


အရမ်းရင်းနှီးခဲ့ကြတာပဲ ရင်ခွင်နှစ်ခုပေါ့
ကမ္ဘာတစ်ခုလိုပဲ ပန်းတွေအဆုပ်လိုက်ပွင့်ဖူးတယ်
တေးသွားချိုတွေ သီကုံးတတ်တဲ့ ငှက်ကလေးရှိဖူးတယ်
မျှော်လင့်ချက်တွေရော..
အနာဂါတ်တွေရော..
ငါကိုယ်တိုင်မသိခဲ့တဲ့ ခွန်အားတွေရော...
တစ်ခါက ဧဒင်လို အပြိုင်အဆိုင် ကြီးကျယ်ခဲ့တယ်။

အခုတော့ ရင်ခွင်နှစ်ခုကြား ဆူးတွေခြားပေါ့
ကမ္ဘာပျက်တစ်ခုလိုပဲ ပန်းတွေအဆုပ်လိုက်ကြွေနေတယ်
တေးဆိုငှက်တွေလည်း အဝေးကိုပြေး လွမ်းတေးသီနေတယ်
မျှော်လင့်ချက် စုတ်တံ..
အနာဂါတ် ဆေးစက်တွေနဲ့..
ငါရဲ့ ဧဒင်ကို အစိမ်းရောင် မင်းသုပ်ပစ်ခဲ့တယ်။


မင်းကိုယ်တိုင်ရွေး ဆေးချယ်ခဲ့တဲ့လမ်း
အစိမ်းရောင်သမ်း စုတ်ချက်မလန်းလည်း
ဒီလမ်းကို မင်ရောငါရော ရဲရဲလျောက်ရမယ်
နာကျင်မယ်ဆိုတာသိလည်း...
အခုတော့
ငါ့ရဲ့ဧဒင်မှာပဲ နာကျင်မူတွေကို
ကော်ဖီခါးတစ်ခွက်လို နှစ်နှစ်ခြိုက်ခြိုက် ငါသောက်တတ်နေပြီ။

တိတ်ဆိတ်မူရပ်ဝန်း အစိမ်းရောင်လမ်း
သင်္ကေတအနွမ်းတွေနဲ့ အရင်လိုမလန်းဆန်းနိုင်တော့တဲ့
အစိမ်းရောင် ငါ့ရဲဧဒင်မှာ
မင်းအတွက် တုန့်ပြန်မူတွေဟာ မလှပနိုင်ခဲ့ရင်
တစ်ခါတစ်လေ ပြောပြမှသိမှာထက်
တို့နှစ်ယောက်ကြား ....
သူစိမ်းလိုနေကြတာ ပိုကောင်းမယ်...။


AddThis Social Bookmark Button

1 comment:

ဖြိုးငယ် said...

ကဗျာကတော်တော်ကောင်းတယ်ဗျာ ..
တော်တော်ကြိုက်တယ် ... တာယာမင်းဝေ လား
ထင်ရတယ် .... ကော်မန့်မရေးပဲကို မနေနိုင်
ဖြစ်ရတယ် ... အားပေးတယ်ဗျာ