Tuesday, October 13, 2009

မိဘခြေရာ







စာမရေးဖြစ်တာ တစ်နှစ်ပြည့်ခါနီးပါပြီ ဘလောစ့်ကိုကလိရင်းနဲ့ ဘလောစ့်ပျက်သွားတာရော စာရေးချင်စိတ်မရှိတာကြောင့် ဒီအတိုင်းပစ်ထားလိုက်တာ တော်တော်ကြာသွားပါတယ်။ သူငယ်ချင်းလည်းဖြစ် အစ်မတစ်ယောက်လိုခင်ဖို့ကောင်းတဲ့ အစ်မတစ်ယောက်က ကျွန်တော်ကိုပေးတဲ့ လက်ဆောင်လေးကြောင့် စာပြန်ရေးဖြစ်တာပါ။ သူပေးတဲ့လက်ဆောင်လေးကို တန်ဖိုးထားသလို အားလုံးကိုမျှဝေပေးရင် ပေးခဲ့တဲ့အစ်မကိုကျေးဇူးဆပ်ရာလည်းရောက်ပါတယ် ယုံကြည်စွာလုပ်တဲ့သူတွေလည်း အကျိုးမယုတ်ပါဘူး။

ဒီစေတနာလေးကြောင့်ဒီပိုစ့်လေးကိုရေးဖြစ်တာပါ၊ ဒီမိဘခြေရာဆိုတဲ့ ပိုစ့်လေးဟာ ယတြာခြေတာမဟုတ်သလို၊အဆောင် အတွက်လည်းမဟုတ်ပါဘူး။
နိုင်ငံရပ်ခြားမှာ စီးပွာလာရှာကြတဲ့ ညီအစ်ကိုမောင်နှစ်မတွေ အားလုံး မိဘမေတ္တာကို ခိုလှုံရင်း ဘေးအန္တရာယ် ကင်းစေချင်တဲ့ မိဘတွေရဲ့ အမွေပစ္စည်းလေးပါ။ မိဘအမွေပစ္စည်းဆိုတာ စားထိုက်မှစားရတာပါ မိဘဆီကအမွေတောင်းမယ်ဆိုရင်လည်း ရှက်စရာပါ။ကျွန်တော်ပြောမည့်နည်းလေးကတော့ မိဘဆီကလွယ်လွယ်ကူကူ အမွေဖြစ်တောင်းလို့ရပါတယ် မိဘတွေကလည်းကြည်ဖြူစွာ ပေးမယ့်အမွေပါ။မိဘကို လုပ်ကျွေးနေတဲ့ မိဘကိုရိုသေတဲ့ သားသမီးဆိုရင် ပိုပြီးအကျိုးပေးသက်ရောက်ပါတယ်။

အားလုံးပဲကြားဖူးရင် ကြားဖူးပါလိမ့်မယ် ကြာဖူးတဲ့သူတွေအတွက်တော့ ပြန်သတိရစေတာပေါ့၊ မကြားဖူးတဲ့သူတွေအတွက် ဗဟုသုတလည်းရသလို အကျိုးရှိမှာပါ။
သူငယ်ချင်းအားလုံး အမေ့ခြေရာတော့ကြားဖူးကြမှာပါ သိကြမှာပါ။တစ်ကယ်တော့ အမေ့ခြေရာတစ်ခုတည်းမကပါဘူး မိဘခြေရာဆိုပိုမှန်ပါတယ် အဖေရော၊အမေရဲ့ခြေရာပါ။အဲ့ဒီခြေရာကို ယူစေချင်ပါတယ်။

ဘယ်လိုလုပ်ရမယ်ဆိုတာ ပြောပြပါ့မယ်၊ယောက်ျားကိုင် လက်ကိုင်ပ၀ါ အရောင်နု ဗြောင်(အဖြူ ၊ဆင်စွယ် ၊ ပန်းရောင် ၊မိုးပြာရောင် )ဘာပဲဖြစ်ဖြစ်ရပါတယ် အရောင်ရင့် အကွက်ကျားတွေ မဖြစ်ရင်ရပါတယယ် ၂ ထည်ဝယ်ထားရပါမည်။နောက် စာပုံနှိပ်စက်တွေမှာ သုံးတဲ့မှင် (wax ဖောက်ပြီး စာရွက်တွေအများကြီး ပြန်လှိမ့်တာလေ)အဲ့ဒါတစ်ဗူးလိုပါသည်။ပြီးနောက် မိဘတွေဆီသွားပြီး မိဘခြေရာ ယူချင်လို့ပါဆိုပြီးကြိုပြီးပြောပြထားပါ ၊ မိဘတွေရေမိုးချိုးပြီး စိတ်ကြည်လင်သန့်ရှင်းတဲ့အချိန်ဆို ပိုကောင်းပါတယ်။သူတို့ခြေထောက်တွေ ညစ်ပတ်နေနေ၊ သန့်ရှင်းနေနေ မိဘခြေထောက်တွေကို ကိုယ်တိုင်သန့်ရှင်းရေးလုပ်ပေးရပါသည်။အ၀တ်သန့်တစ်ထည်ကိုရေစွတ်ပြီး ခြေဖမိုးတွေ ၊ခြေခုံတွေကို ရေစိုဝတ်နဲ့သုတ်ပေးရပါမယ်။

နောက်စောင်ထူထူတစ်ထည်ကို မိဘတွေခြေစုံရပ်လို့ရတဲ့အရွယ် ခေါက်ထားရပါမည်၊မိဘတွေကို ခုံမှာထိုင်ခိုင်းထားရမယ်၊ ခြေရာယူဖို့ ပစ္စည်းတွေအနားမှာ အဆင်သင့်ယူထားရမယ်။ကိုယ်တိုင်လည်းရေမိုးချိုး သန့်စင်ပြီး ဘုရားရှိခိုးပြီး အားလုံးအဆင်သင့်ဖြစ်ရင် မိဘနှစ်ပါကိုထိခြင်းငါးပါးနဲ့ ကန့်တော့ပြီး မွေးကထဲကနေ ယနေ့အချိန်ထိ ကာယကံ ၊ ၀ဇီကံ ၊ မနောကံ ကံသုံးပါးနဲ့ ပစ်မှားမိတာရှိရင် ခွင့်လွှတ်ပါရန်တောင်းပန်ရပါမည်။မိဘတွေ သက်ရှိထင်ရှားရှိစဉ်မှာရော ၊ မရှိတော့တဲ့အချိန်မှာရော ၊ အနားမှာ အတူရှိချိန်မှာရော ၊ အဝေးတနေရာဆီ ရောက်နေချိန်မှာရော ၊မိဘကိုယ်စားကိုးကွယ် ကန်တော့ဖို့ ခြေရာစွန့်ပေးပါလို မိဘတွေကိုပြောရပါမည်။နောက်ခြေရာယူရပါမည် ခြေရာယူတာက မိဘကို ခုံမှာပဲ ဆက်ထိုင်နေစေပြီး ခုဏက သန့်ထားတဲ့ မိဘခြေဖ၀ါးကို ပုံနှိပ်မင်နဲ့ သေသေချာချာ နှံ့နေအောင် သုတ်ပေးရပါမယ်။ စောင်ခေါက်ပေါ်မှာ လက်ကိုင်ပုဝါတထည်ကို သေချာဖြန့်ခင်း ၊ မိဘရှေ့မှာချပေး ။ အဖေတထည် ၊ အမေတထည်ပေါ့ကွာ ၊ မိဘက အဲ့ဒီပေါ်မှာ ခြေစုံရပ်လိုက်ရင် ၊ ပုဝါပေါ်မှာ ဆေးအမဲတွေနဲ့ ခြေရာထင်သွားရော ။ ခဏဘေးဖယ်ထား ။

ဆေးအမဲတွေကို အ၀တ်စိုနဲ့ သေချာပြန်သုတ်ပေး ခုနကခြေရာကို မိဘလက်ထဲထည့် မိဘတွေ သက်ရှိထင်ရှားရှိစဉ်မှာရော ၊ မရှိတော့တဲ့အချိန်မှာရော ၊ အနားမှာ အတူရှိချိန်မှာရော ၊ အဝေးတနေရာဆီ ရောက်နေချိန်မှာရော ၊ မိဘကိုယ်စားကိုးကွယ် ကန်တော့ဖို့ ခြေရာစွန့်ပေးပါလို့ ပြောရမယ်။ မိဘတွေကလည်း အပြစ်တွေ ခွင့်လွှတ်ကြောင်းနဲ့ ကိုးကွယ်ဖို့ ခွင့်ပြုပါတယ် ၊ ပေးပါတယ် ၊ စွန့်ပါတယ်လို့ ပြောပြီး ပေးရပါမည်။အဲ့ဒီခြေရာကို အခြောက်ခံပြီးတာနဲ့ အိပ်ထဲအမြဲသွားလေရာယူသွားရပါမည်။ညအိပ်ရာဝင်ရင် ဘုရားရှိခိုးပြီးတာနှင့် မိဘခြေရာတွေကို ရှိခိုးရပါမည်အားလုံးအလွယ်တကး လုပ်နိုင်လိမ့်မယ်ထင်ပါတယ် ၊မိဘဆီက အမွေတောင်းတာကမှ ရှက်စရာပါ ဒီအမွေတောင်းတာက ရှက်စရာမလိုပါဘူ အားလုံးပဲ မိဘမေတ္တာရဲ့ နွေးထွေးမူအောက်မှာ ဘေးအန္တရယ် ကင်းရှင်းပြီး မိဘကိုလုပ်ကျွေးနိုင်သော သားကောင်းသမီးကောင်းများဖြစ်ကြပါစေ...။
အဝေးရောက်နေတဲ့သူများလည်း မိဘဆီကလှမ်းတောင်ပြီး မိဘခြေရာကိုယူထားနိုင်ပါတယ်။
။.


AddThis Social Bookmark Button